ဖီအိုရင်တီးနား တောင်ပံကစားသမားလေးကိုမျက်စိကျနေတဲ့ စပါး

မော်ရင်ဟိုရဲ့စပါးအသင်းဟာ ဆောင်းရာသီအပြောင်းအရွေ့မှာ အတော်လေးခြေလှမ်းသွက်ခဲ့တာပါ။
Steven Bergwijn ကို PSV ကနေ ယူရို ၂၇သန်န‌ဲ့ခေါ်ယူနိုင်ခဲ့သလို ဘင်ဖီကာကGedson Fernandesကို၁၈လအငှားနဲ့ခေါ်ယူခဲ့ပါသေးတယ်။
မြောက်လန်ဒန်အခြေစိုက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ခေါ ်ယူထားတဲ့ အာဂျင်တိုင်းလက်ရွေးစင် လူငယ်လေး Giovani Lo Celso’s ကိုလည်း အင်တာကိုပြောင်းရွေ့သွားတဲ့ အဲရစ်ဆင် ရဲ့နေရာမှာ အစားထိုးဖို့လိုလားနေပြီး အပြီးသတ်ခေါ်ယူဖို့ကြိုးပမ်းနေတာပါ။
သိုသော်လည်းမော်ရင်ဟိုဟာ တိုက်စစ်ကိုထပ်မံအားဖြည့်ဖို့လိုလားနေတာပါ။
ဒီပေါ်တူဂီသား နည်းပြဟာ ဖီအိုရင်တီးနားအသင်းရဲ့ တောင်ပံကစားသမား Ricardo Sottil ကို နွေရာသီမှာအရခေါ်ယူဖို့ပစ်မှတ်ထားနေတာပါ။
အသက်၂၀အရွယ် ကစားသမားဟာ ဖီအိုရင်တီးနားအသင်းကို၂၀၁၆ ကမှရောက်ရှိလာသူဖြစ်ပါတယ်

အသက်၂၀အရွယ် ကစားသမားဟာ ဖီအိုရင်တီးနားအသင်းကိုတိုရီနိုအသင်းကနေ၂၀၁၆ မှာရောက်ရှိလာသူဖြစ်ပါတယ်။သူ့ရဲ့အထင်းကြီးစရာ ခြေစွမ်းတွေကြောင့် ၂၀၁၉-၂၀ မှာ ပထမအသင်းကြီဆီကိုခေါ ်ယူခြင်းခံခဲ့ရပါတယ်။Sottil ဟာ စီးရီးအေ မှာ၁၂ပွဲကစားထားပြီးcopa italia မှာလည်း
သုံးပွဲ ကစားထားသူပါ။
သတင်းတွေအရတော့စပါးအသင်းဟာ ဒီကစားသမားလေးကို ကင်းထောက်နေတာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။
ဒီအီတာလျံလူငယ်လေးဟာ အသင်းနဲ့၂၀၂၄ထိစာချုပ်ချုပ်ဆိုထားပေမယ့် စပါးအသင်းကတော့ အရခေါ်ယူဖို့ကြိုးစားနေဆဲပါ.။
Sottil ဟာ ဘယ်တောင်ပံကစားသမားဖြစ်ပေမယ့်ညာတောင်ပံတလျောက်အကောင်းဆုံးခြေစွမ်းပြနိုင်သူဖြစ်ပြီး ကွင်းလယ်မှာလည်းအကောင်းဆုံးကစားနိုင်သူပါ။ဒါ့ကြောင့် အီတာလျံကြယ်ပွင့်ပါလာမယ့် စပါးအသင်းရဲ့တိုက်စစ်ကတော့စိတ်ဝင်စားစေရာပါပဲ။
source;
https://www.msn.com/en-za/sport/football/spurs-interest-in-italy-u21-starlet-hots-up-with-repeated-scouting-mission/ar-BBZRrzm

Leave a comment

Design a site like this with WordPress.com
Get started